Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /var/www/html/ygnexchange/includes/menu.inc).

ရန်ကုန်တိုင်းဒေသကြီး၊ ကုန်စည်ဒိုင်သမိုင်း

ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကို ၁၉၉၁ ခုနှစ်၊ မေလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဗိုလ်ရွဲလမ်း၊ အမှတ် (၁၇/၁၉)တွင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးဗဟိုအဖွဲ့၏ ကြီးကြပ်မှုဖြင့် စတင်ဖွဲ့စည်းပြီးနောက်၊ အသင်းတည်ရာ အဆောက်အဦး တွင်ပင် ရန်ကုန်တိုင်း ကုန်စည်ဒိုင်ကို ၁၉၉၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ရန်ကုန်တိုင်း ကုန်စည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၂၄)ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်ခဲ့ပါသည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံနယ်မြေ စီးပွားရေးဇုံတစ်ခုအဖြစ် နိုင်ငံတော်က တည်ဆောက် အကောင်အထည်ဖော်ခဲ့ရာ ရန်ကုန်မြို့တွင်းရှိ အခြေခံစားသောက်ကုန်၊ ကုန်မျိုးစုံ၊ ကုန်ခြောက်နှင့် ပဲမျိုးစုံပွဲရုံများကို ၁၉၉၂ ခုနှစ်၊ ဇန္န၀ါရီလတွင် ဘုရင့်နောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းဝယ် ဖောက်ကားစေခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် ကိုလည်း ဘုရင့်နောင်ပွဲရုံတန်း၊ ကံ့ကော်လမ်းအမှတ် (က/၇၄)တွင် ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ(၁)ရက် နေ့တွင် ပြောင်းရွှေ့ ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၂ခုနှစ်၊ မေလကုန်တွင် ရန်ကုန်တိုင်း ကုန်စည်ဒိုင်ကို ဘုရင့်နောင်ပွဲရုံတန်း ၊ ခရေလမ်း အမှတ် (ခ/၈၁) သို့ ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပါသည်။

၁၉၉၃ခုနှစ် ၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ယခုရန်ကုန်တိုင်း ကုန်စည်ဒိုင်တည်ရှိရာ ဘုရင့်နောင်ပွဲရုံနယ်မြေ၊ ကံ့ကော်လမ်း၊ အမှတ် (ခ/၈၁-၈၂)၊ ပေ(၄၀ × ၆၀ ) မြေကွက် ၂ကွက်ကို ၀ယ်ယူခွင့်ရရှိခဲ့ပါသည်။

၁၉၉၃ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ရန်ကုန်တိုင်းကုန်စည်ဒိုင် အဆောက်အဦဆောက်လုပ်ရန် မင်္ဂလာပန္နက် စတင်ချခဲ့ပြီး ၁၉၉၄ခုနှစ်၊ ဇန္န၀ါရီလ(၃)ရက်နေ့တွင် မြေသန့်မင်္ဂလာပြုလုပ်ကာ စတင်ဆောက်လုပ်ခဲ့ပါသည်။

၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ရန်ကုန်တိုင်း ကုန်စည်ဒိုင် အဆောက်အဦသစ်ကို ဖွင့်လှစ်ပြီး ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ တတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးကို ဤအဆောက်အဦးတွင် ကျင်းပခဲ့ပါသည်။

ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏အမည်ကို ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဟုလည်းကောင်း၊ ရန်ကုန်တိုင်းကုန်စည်ဒိုင်ကို ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ဟု လည်းကောင်း ပြင်ဆင်ခေါ်တွင်စေခဲ့ပါသည်။

ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရန်ကုန်တိုင်းကုန်စည်ဒိုင်ကို ၁၉၉၁ ခုနှစ် မှ စတင်ဖွဲ့စည်းခဲ့ရာ အသင်းသားအနေဖြင့်-

1. ၁၉၉၄ ခုနှစ်၊ နှစ်ကုန်တွင်     ၅၆၇     ဦးအထိလည်းကောင်း
2. ၁၉၉၅ ခုနှစ်၊ နှစ်ကုန်တွင်     ၉၀၀     ဦးအထိလည်းကောင်း
3. ၁၉၉၇ ခုနှစ်၊ နှစ်ကုန်တွင်     ၁၀၂၂     ဦးအထိလည်းကောင်း
4. ၁၉၉၉ ခုနှစ်၊ နှစ်ကုန်တွင်     ၁၈၃၁     ဦးအထိလည်းကောင်း
5. ၂၀၀၁ ခုနှစ်၊ နှစ်ကုန်တွင်     ၂၁၃၅     ဦးအထိလည်းကောင်း
6. ၂၀၀၃ ခုနှစ်၊ နှစ်ကုန်တွင်     ၃၀၁၂     ဦးအထိလည်းကောင်း
7. ၂၀၀၅ ခုနှစ်၊ နှစ်ကုန်တွင်     ၃၃၁၄     ဦးအထိလည်းကောင်း
8. ၂၀၀၈ ခုနှစ်၊ နှစ်ကုန်တွင်     ၃၈၂၅     ဦးအထိလည်းကောင်း
9. ယခုအချိန်အထိ     ၄၀၈၀     ဦးအထိလည်းကောင်း ရှိပြီးဖြစ်ပါသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ပေါင်း (၂၆)ဦး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်ပေါင်း (၂၁)ဦး၊ စုစုပေါင်း (၄၅)ဦးဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းကာ ကုန်စည်ဒိုင်၏ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။