Top Bar

ဈေးနှုန်းများကို အလိုအလျှောက် ပြန်လည်ဖြေကြားပေးခြင်း။

တယ်လီဖုန်းအမှတ် ၀၁-၅၂၈၉၇၇ သို့ ဆက်သွယ်မေးမြန်းပါက ကုန်ဈေးနှုန်း သတင်းများကို အလိုအလျှောက် ပြန်လည် ဖြေကြားပေးမည် ဖြစ်ပါသည်။

ပြန်ကြားပေးမည့် ကုန်ဈေးနှုန်း သတင်းများမှာ အဓိက ရောင်းဝယ်နေသည့် ပဲများဖြစ်သော၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ နှင့် ကုလားပဲဖြူလုံးကြီး (V2) တို့၏ လက်ကားဈေးနှုန်းများနှင့် နှမ်းအမျိုးမျိူး၊ ပြောင်းဆံ လက်ကား ဈေးနှုန်းများ၊ စားသောက်ကုန်များ ဖြစ်သော စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် ငြုပ်သီးတို့၏ လက်ကား ဈေးနှုန်းများ ဖြစ်ပါသည်။ လက်ကားဈေးနှုန်းများမှာ ကုန်စည်ဒိုင်တွင် နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် ဖြစ်ပေါ်ခဲ့သော လက်ကားဈေးနှုန်းများ ဖြစ်ကြပါသည်။

ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်း အသေးစိတ်ကို သိရှိလိုပါက Price Report စာမျက်နှာတွင် ဝင်ရောက် ကြည့်ရှုနိုင် ပါသည်။

ကုန်ဈေးနှုန်း သတင်းများ အလိုအလျှောက် ပြန်ကြားရေး စံနစ်၊ (Automatic Price Information System {APIS})ကို ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် သာမကပဲ မြန်မာနိုင်ငံ အရပ်ရပ်ရှိ အောက်ပါ ကုန်စည်ဒိုင်များတွင်လည်း တပ်ဆင်ထားပြီးဖြစ်ရာ ယင်းကုန်စည်ဒိုင်များ၏ တယ်လီဖုန်းများကို ဆက်သွယ်ပါကလည်း ကုန်ဈေးနှုန်းများကို အလိုအလျှောက် ပြန်ကြားပေးမည် ဖြစ်ပါသည်။

   မန္တလေး(ကထိန်တော်အသင်းး)ကုန်စည်ဒိုင် - (၀၂) ၂၄၅၅၀
   မူဆယ်(၁၀၅မိုင်) ကုန်စည်ဒိုင်                   - (၀၈၂) ၅၅၃၀၀
   ပြည်ကုန်စည်ဒိုင်                                   - (၀၅၃) ၂၄၇၆၅
   ဟင်္သာတကုန်စည်ဒိုင်                             - (၀၄၄) ၂၂၄၄၄
   မုံရွာကုန်စည်ဒိုင်                                   - (၀၇၁) ၂၈၃၃၆
   မကွေးကုန်စည်ဒိုင်                                - (၀၆၃) ၂၈၄၈၉
   ပုသိမ်ကုန်စည်ဒိုင်                                 - (၀၄၂) ၂၃၈၂၁


Footer Background