ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရည်ရွယ်ချက်များ
(က) မြန်မာနိုင်ငံအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းကျဆင်းစေရေး အတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်။
(ခ) နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
(ဂ) အသင်းသားများစည်းလုံးညီညွတ်ရေး၊ လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးတို့အတွက် ဦးဆောင်မှု ပေးရန်။
(ဃ) အသင်းသားများ၏လိုအပ်ချက်များ၊ အခက်အခဲများကို သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်။
(င) နိုင်ငံတော်၏ စီးပွားရေး၊စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လည်းကောင်း၊ အသင်းသားများကို ကိုယ်စားပြု၍ ပါဝင်ဆောင်ရွက်ရန်။
(စ) အသင်းသားများ အသိပညာတိုးပွားစေခြင်းငှာ၊ ဟောပြောပွဲများ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အခါအားလျော်စွာ ကျင်းပပေးရန်နှင့် စာအုပ်များ၊ ဂျာနယ်များ၊ သတင်းစဉ်များ ဖြန့်ဝေရန်။
(ဆ) အသင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေးအတွက် စည်းရုံးဦးဆောင်ရန်။
(ဇ) အသင်းသားများအကြား အခါအားလျော်စွာ ပေါ်ပေါက်လာသော စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ခင်မင်မှု မပျက်စေပဲ စေ့စပ်ဆွေးနွေးဖြေရှင်းပေးရန်။
(ဈ) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ရှေးရှုဆောင်ရွက်ရန်။
(ည) အသင်းသားများ၏စီးပွားရေးလုပ်ငန်းများသည် တိုင်းရင်းသားအများပြည်သူတို့အပေါ် ဖိစီးမှု့မဖြစ်စေရေး အတွက် ဦးဆောင်လမ်းညွှန်ရန်။
(ဋ) အမြတ်ကိုသာအဓိကမထားပဲ ရေရှည်ကူးသန်းရောင်းဝယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသောစနစ်ကို ဦးတည်ဖော်ဆောင်ရန်။
ရန်ကုန်တိုင်းကုန်စည်ဒိုင်၏ ရည်ရွယ်ချက်များ
(က) ကုန်စည်ဒိုင် အသင်းဝင်(အဖွဲ့ဝင်) အချင်းချင်း တရားမျှတပြီး ဖြောင့်မတ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ကြစေရန်။
(ခ) ရောင်းချသော ပဲမျိုးစုံ၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ စားဖိုဆောာင်သီးနှံများ၊ အခြားစားသောက်ကုန် ပစ္စည်းများ အရည်အသွေး တိုးတက်မြင့်မားလာပြီး၊ ထုတ်လုပ်သူများနှင့် ရောင်းဝယ်သူများ၏ အကျိုးကို မျှမျှတတ ရှိစေမည့်ဈေးကွက် ဖြစ်ထွန်းလာစေရန်။
(ဂ) ပဲမျိုးစုံ၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ စားဖိုဆောာင်သီးနှံများ၊ အခြားစားသောက်ကုန် ပစ္စည်းများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စားသုံးရန် အန္တရာယ်ကင်းသော ဈေးကွက်ဝင် အရည်အသွေးမြင့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးထုတ်လုပ်၊ ထုတ်ပိုး၊ ဖြန့်ဝေရောင်းဝယ်မှု၊ ဖောက်ကားမှု အသိပညာနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်။