ပြည်တွင်းဈေးကွက်
ရည်ရွယ်ချက်
မြန်မာနိုင်ငံတစ်ဝှမ်း အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသော ပဲမျိုးစုံ၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားစားသောက်ကုန်များကို မြန်မာကျပ်ငွေဖြင့် ရောင်းဝယ်နိုင်ရန် ဖွင့်လှစ်ပါသည်။
ဈေးကွက်ဖွင့်လှစ်သည့် နေ့ရက်နှင့်အချိန်
ကုန်စည်ဒိုင်တွင် ပြည်တွင်းဈေးကွက်ကို ဂေဇက်ဝင် အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် (၁၀း၀၀)နာရီမှ နေ့လည် (၀၂း၀၀) နာရီအထိ ဖွင့်လှစ်ပါသည်။
ရောင်းဝယ်နိုင်သူများ
မြန်မာကျပ်ငွေဖြင့် ရောင်းဝယ်နိုင်သော ပြည်တွင်းဈေးကွက်အား ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)မှ အသင်းဝင်ကုန်သည်များက ဝင်ရောက်ရောင်းဝယ်နိုင်ပါသည်။ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီများ၊ ၎င်းကုမ္ပဏီ များမှဝန်ထမ်းများ၊ ဧည့်သည်များ ရောင်းဝယ်ခြင်းမပြုနိုင်ပါ။
အရောင်းအဝယ်ပြုလုပ်မှု လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များ
အသင်းဝင် အသင်းသားအချင်းချင်း ဤအသင်း၏ သင်းဖွဲ့စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်တိုင်း ကုန်စည်ဒိုင်အသင်း သင်းဖွဲ့စည်းမျဉ်းနှင့် ရည်ရွယ်ချက်များအရ တရားမျှတပြီး ဖြောင့်မတ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ကြစေရန်၊ အောက်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းဝယ်နိုင်ပါသည်။
၁။ | အရောင်းအဝယ်ပြုလုပ်ခြင်းဆိုရာတွင် ကုန်စည်ဒိုင်ဝင်းအတွင်း၌ ပဲမျိုးစုံ၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ စားဖိုဆောင်သီးနှံ၊ အခြားစားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်းကိုဆိုလိုသည်။ | ||||||||
၂။ | အရောင်းအဝယ်ကို ကုန်စည်ဒိုင်၏ သတ်မှတ်နယ်မြေအတွင်း၌ တရားဝင် ဆောင်ရွက်ရမည်။ | ||||||||
၃။ | ရောင်းသူ၏ ကုန်ပစ္စည်း(အရည်အသွေး) နမူနာကို ဝယ်သူနှစ်သက်၍ နှစ်ဦးသဘောတူ ဈေးပြတ်ပြီးပါက ကုန်စည်ဒိုင်မှ သတ်မှတ်ပြဌာန်းထားသော ပုံစံ၌ အရည်အသွေး၊ စံချိန်၊ စံညွှန်း၊ ဈေးနှုန်း၊ အရေအတွက် နှင့် ရောင်းသည့်နေ့ရက်ကို ပြတ်သားစွာ ရောင်းသူနှင့်ဝယ်သူနှစ်ဦးစလုံး၏ ရှေ့မှောက်တွင် တစ်ခါတည်း ရေးမှတ်၍ လက်မှတ်ရေးထိုးကြပြီး နမူနာထုပ်ပေါ်တွင် တစ်ပေါင်းတည်း ကပ်ထားရမည်။ | ||||||||
၄။ | ထို့ပြင် ထိုသို့ သဘောတူပြီးပါက ကုန်စည်ဒိုင်မှ ပြဌာန်းသတ်မှတ်ထားသည့် ရောင်းဝယ်စာချုပ် (Sale/ Purchase Contract) ပုံစံ၌ ဖြည့်သွင်း၍ ရောင်းသူနှင့် ဝယ်သူတို့ လက်မှတ်ရေးထိုးပြီး ကုန်စည်ဒိုင် ရုံး(Office) ၌ (၂၄) နာရီအတွင်း မှတ်ပုံတင်ထားရမည်။ ထို့ပြင် ကုန်ထုတ်ညွှန်ကြားလွှာ (DO) ကိုလည်း (၂၄) နာရီအတွင်း မှတ်ပုံတင်ထားရမည်။ | ||||||||
၅။ | ပစ္စည်းမရှိဘဲ ကုန်ထုန်ညွှန်ကြားလွှာ (DO)ကို လုံးဝထုတ်ပေးခြင်းမပြုရ။ ကုန်ထုတ်ညွှန်ကြားလွှာကို လက်လွှဲရောင်းချခြင်း ခွင့်မပြုရ၊ မူလဝယ်ထားသည့် ပုဂ္ဂိုလ်ကိုသာ ပစ္စည်းထုတ်ခွင့်ပေးမည်။ | ||||||||
၆။ | ရောင်းသူဝယ်သူ နှစ်ဦးသဘောတူ ဈေးဖြတ်ပြီးမှ ဈေးတက်သွားသော်လည်း အရောင်းအဝယ်ပြုလုပ် ထားပြီးသောဈေးနှုန်းဖြင့် ကုန်ပစ္စည်းကို နမူနာအတိုင်း အရေအတွက်ပြည့်အောင် ရောင်းသူက အပ်နှံရမည် | ||||||||
၇။ | ကုန်ပစ္စည်းဈေးတက်သွားသဖြင့် ရောင်းသူက မိမိအပ်ရမည့် ကုန်ပစ္စည်းကို မူလပေးထားသော နမူနာအတိုင်း မဟုတ်သည့် အဆင့်နိမ့်သော အရည်အသွေးမမှီသော ကုန်ပစ္စည်းကို အစားထိုး ပေးအပ်ခြင်း မပြုရ | ||||||||
၈။ | ဝယ်သူသည် ရောင်းသူနှင့် နှစ်ဦးသဘောတူ ဈေးပြတ်ပြီးသော နမူနာအထုပ်ပေါ်ရှိ ရေးမှတ်ထားသော ဈေးနှုန်းနှင့် အရေအတွက်အတိုင်း ကုန်ပစ္စည်းကို သိမ်းယူရမည်။ | ||||||||
၉။ | ရောင်းသူနှင့်ဝယ်သူ နှစ်ဦးသဘောတူဈေးပြတ်ပြီးမှ မည်မျှပင် ဈေးကျသွားစေကာမူ ဝယ်သူက မူလသဘောတူ ဈေးပြတ်ပြီးသောဈေးနှုန်းနှင့် အရေအတွက်အတိုင်း ကုန်ပစ္စည်းသိမ်းရမည်။ | ||||||||
၁၀။ | မိမိဝယ်ထားသော ကုန်ပစ္စည်းများ ဈေးကျသွားသဖြင့် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးသဘောတူထားသော နမူနာအတိုင်း ကုန်ပစ္စည်းကိုအပ်နှံလျှင် ဝယ်သူက နမူနာအတိုင်းတူလျက်၊ မတူပါဟူသော အကြောင်း ပြချက်ဖြင့် အရောင်းအဝယ်ကို မဖြတ်ရ။ | ||||||||
၁၁။ | ငွေကြေးမပါသော ရောင်းဝယ်မှုများကို လုံးဝခွင့်မပြုရန်နှင့် လုပ်ငန်းသဘာဝအရ ကြိုရောင်း/ ကြိုဝယ် ပြုလုပ်ရန် လိုအပ်ပါက အောက်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
| ||||||||
၁၂။ | သာမန်သွေးရိုးသားရိုး ရောင်းဝယ်မှုမျိုးမဟုတ်ဘဲ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ ကျဆင်းခြင်းဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ဈေးကစားမှုပြုလုပ်သည့် အရောင်းအဝယ်ကိစ္စရပ်များကို ကုန်စည်ဒိုင်က လုံးဝခွင့်မပြု။ | ||||||||
၁၃။ | အလေး၊ တင်းတောင်း၊ စံချိန်စံညွှန်းကို တစ်ပိဿာဈေးဖြင့် တပြေးညီ သတ်မှတ် ဆောင်ရွက်ရမည်။ | ||||||||
၁၄။ | အရည်အသွေးသတ်မှတ်ချက်ကို ရန်ကုန်ကုန်စည်ဒိုင် သင်းဖွဲ့စည်းမျဉ်းတွင်ပါသော ကာကွယ် တားမြစ်သော စည်းကမ်းပါ သတ်မှတ်ချက်များအတိုင်း သတ်မှတ်ရန်နှင့် အလုပ်အမှုဆောင်ကော်မတီမှ အခါအားလျော်စွာ အရည်အသွေးဆိုင်ရာ ပြဌာန်းချက်များအတိုင်း ရောင်းဝယ်ရမည်။ | ||||||||
၁၅။ | ပဲ၊ နှမ်းဘေးထွက်ပစ္စည်းများ၊ ကုန်စည်တွင် ပြန်လည်ရောနှောခြင်း မပြုရ။ | ||||||||
၁၆။ | အလေးချိန်နှင့်ပတ်သက်၍ ရောင်းသူနှင့် ဝယ်သူနှစ်ဦးအကြား အငြင်းပွားခဲ့သော် ကုန်စည်ဒိုင်ရှိ သမာဓိကတ္တားဖြင့် တိုက်ချိန်၍ သမာဓိကတ္တား၏ အလေးချိန်အတိုင်း အပ်နှံခြင်း ၊သိမ်းယူခြင်း ပြုလုပ်ကြရမည်။ | ||||||||
၁၇။ | ဝယ်သူက ကုန်သိမ်းပြီးလျှင် ငွေလက်ငင်း အပြေပေးချေရမည်။ |