Top Bar

ဒီပါဝလီ မိတ်ဆုံစားပွဲ ကျင်းပခြင်း

23.10.2025 ရက် ၊ ကြာသပတေးနေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၌ ဟိန္ဒူဘာသာဝင် မိသားစုတို့၏ ဒီပါဝလီပွဲတော်မိတ်ဆုံ စားပွဲကို ဘုရင့်နောင်ကုန်စည်ဒိုင် မြေညီထပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ရွှင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်. ထိုပွဲကို Myanmar India Friendship Association မှ ဥက္ကဋ္ဌကြီး နှင့် ဒုတိယ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပဲနှမ်းအသင်း ဥက္ကဋ္ဌ နှင့် CEC/EC ပုဂ္ဂိုလ်များ မြန်မာနိုင်ငံရှိ India သံရုံးမှ ကုန်သွယ်ရေး အရာရှိ Mr.Ashok နှင့် အပေါင်းအပါ အားလုံး၊ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ နာယကြီးများ၊ ဥက္ကဋ္ဌ နှင့် CEC/EC များအားလုံး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ အသင်းသူ/အသင်းသားများအားလုံး၊ ဟိန္နူမိသားစုများမှ အသင်းသူ/ အသင်းသားများ အားလုံးနှင့်တကွ တက်ရောက်ပေးကြပါသော ဧည့်သည်တော်များအားလုံး ၊ ပဲမျိုးကို FOB စနစ်ဖြင့် ဝယ်ယူပေးကြပါသော အိန္ဒိယ နိုင်ငံခြားသားများ၊ အခြားနိုင်ငံမှ Buyer တစ်ဦးချင်းကိုလည်းကောင်း၊ Shipping Line များမှ အထူးတက်ရောက်ပေးကြပါသော ဧည့်သည်များအားလုံးကို မင်္ဂလာပါ NAMASTE ပါလို့ နှုတ်ခွန်းဆက်သပြီး ယနေ့ ကျင်းပသော ဒီပါဝလီ အထိမ်းအမှတ်အဖြစ် မယ်တော် လက်ချ်မီး မာတာဂျီ ကို ဆီမီးထွန်းညှိ ပူဇော်ခြင်းဖြစ်ပါတယ်။ ယခုလို ဒီပါဝလီ ပွဲတော်ကို ဘုရင့်နောင်ကုန်စည်ဒိုင်တွင် နှစ်စဉ် ကျင်းပနိုင်ခဲ့တာဆိုရင် အနှစ်နှစ်အလလ ရှိပါပြီ၊ ဟိန္နူမိသားစုများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ ပုဝါခြုံခြင်း၊ မာလာစွတ်ခြင်း၊ ပန်းကုံးများစွတ်ခြင်းဖြင့် ဂါရဝပြုခြင်းဖြစ်ပါတယ် ဟိန္နူမိသားစုမှ တည်ခင်းဧည့်ခံသော ဟိန္နူရိုးရား အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

Footer Background