Top Bar

YRCCI သို့ TTI မှ International Trade Batch (11) မှသင်တန်းသား/သူများ လာရောက်လေ့လာခြင်း

18.6.2025 ရက် ၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန(ရန်ကုန်) ရုံး၊ ကုန်သွယ်မှုသင်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် ၁၁ ကို (၄) လကြာဖွင့်လှစ်ရာ သင်တန်းသား/သူ (၁၀၈)ဦးတက်ရောက်လျက်ရှိရာ ဘုရင့်နောင်ကုန်စည်ဒိုင်၏ လုပ်ငန်း ဆောင်ရွက်မှုများအား သိရှိလေ့လာလိုပါသဖြင့် လာရောက်လေ့လာရာ ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက လေ့လာခွင့်ပြုပြီး ရှင်းလင်းပြောကြားပေးပါသည်။ ထို့ပြင် လာရောက်လေ့လာသော သင်တန်းသူ/သားများအား သူဌေးမင်း ဒံပေါက် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

Footer Background