ပြည်ပတင်ပို့ဈေးကွက်
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ရန်ကုန်ကုန်စည်ဒိုင်)သည် ပဲမျိုးစုံကို ပြည်ပသို့ အပြည့်အဝတင်ပို့ရောင်းချနိုင်ရန်အတွက် ပြည်ပဈေးကွက်ကို ပဲစုပေါင်းရောင်းချပွဲအဖြစ် အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။
ရည်ရွယ်ချက်
(က) | နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပဲဈေးကွက် ဖြစ်ပေါ်စေရန်။ |
(ခ) | ရေရှည်တွင် ပဲဈေးတည်ငြိမ်စေရန်နှင့် ပဲစိုက်တောင်သူများ ပုံမှန်ဝင်ငွေ ရရှိစေရန်။ |
(ဂ) | နိုင်ငံတကာသို့ ပဲများတင်ပို့ရောင်းချရာတွင် ရောင်းသူဈေးကွက် ဖြစ်ပေါ်လာစေရန်။ |
ဈေးကွက်ဖွင့်လှစ်သည့် နေ့နှင့်အချိန်
ပြည်ပပဲဈေးကွက်ကို အစိုးရဂေဇက်ဝင် ရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ တို့တွင် နေ့လည် ၁၂း၀၀ နာရီမှ ၀၂း၀၀ နာရီ အထိ ဖွင့်လှစ်ပါသည်။
တက်ရောက် ရောင်းဝယ်နိုင်သူများ
ပြည်ပပဲဈေးကွက်သို့ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)မှ အသင်းဝင် ပဲExporterများ တက်ရောက် ရောင်းချနိုင်ပြီး ရန်ကုန်အခြေစိုက် စင်္ကာပူကုမ္ပဏီများအပါအဝင် အခြားပြည်ပကုမ္ပဏီများ တက်ရောက်ဝယ်ယူနိုင်ပါသည်။
ရောင်းချပေးသည့် ပဲအမျိုးအစားများ
ပြည်ပဈေးကွက်တွင် အောက်ပါပဲအမျိုးအစားများကို အဓိက ရောင်းချပေးပါသည်။
(၁) | မတ်ပဲ |
(၂) | ပဲတီစိမ်း |
(၃) | ပဲစဉ်းငုံ |
(၄) | ကုလားပဲဖြူလုံးကြီး |
(၅) | ပဲလွန်းဖြူ |
(၆) | ပဲလွန်းနီ |
(၇) | မြေထောက်ပဲ |
(၈) | ထောပတ်ပဲ |